ပဲဆီ စစ်/မစစ် ဒီလိုစမ်းပါတဲ့

ပဲဆီ စစ်/မစစ် ဒီလိုစမ်းပါတဲ့

ဒီနေ့ ဆီသွား၀ယ်တော့ ရောင်းတဲ့ဆိုင်က ပဲဆီစစ်ကြောင်း အာမခံတယ်။ ပဲဆီမစစ်ရင် ၀ယ်တဲ့ဆီဖိုး တပြားမှမပေးနဲ့ အလကားယူသွားတဲ့။ ဆိုင်ရှင်ကအာမခံတော့ ကျနော်လဲ ဖယောင်းတိုင်တတိုင်နဲ့ သူ့ရှေ့တင်စမ်းကြည့်တယ်။ ပဲဆီစစ်ရင် ဖယောင်းတိုင်မှာ အရောင်မပေါ်ဘူးလေ။ ပဲဆီ မစစ်ရင် ရောထားတဲ့ဓါတုဆေးအပေါ် မူတည်ပြီး အရောင်ပြောင်းသွားတတ်တယ်။ အဲနည်းကဖယောင်းတိုင် လုပ်ခဲ့ဘူးတော့ သိတယ်။ ဖရောင်းတိုင်ကို ဆီထဲစိမ် ပြန်ဆယ် ခဏစောင့်ကြည့်။ ၃မိနစ်ကြာတော့ဖယောင်းတိုင်မှာအပြာရောင်ဖြစ်လာတယ်။ ပဲဆီစစ်ရင် အရောင်မပြောင်း၊ ဓာတုဆေးပါရင် ဖရောင်း အရောင်ပြောင်းပါမည်။

ဆိုင်ရှင်ပြောသလို ဆီဖိုးမပေးနဲ့ ဆိုပေမယ့် ကျနော်အဲဆီမယူတော့ဘူး။ ဈေးကွက်ထဲမှာရောင်းနေတဲ့ မြေပဲဆီတိုင်း မြေပဲနံ့မွှေးတယ် ပဲဆီစစ်တယ်လို့ မထင်ကျနဲ့နော်။ သတိထား လက်တွေ့စမ်းပြီးမှ၀ယ်ကျ တချို့ဆီက ဖယောင်းတိုင်မှာ အစိမ်းရောင်သန်းလာတတ်တယ် လက်တွေ့ပဲ။

U Dhammapiya

Credit-Nyein Chan

Leave a Reply

Your email address will not be published. Required fields are marked *